ငှက်ပိတုန်း

ငှက်ပိတုန်း
Temporal range: Rupelian 30–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Four hummingbirds
from Trinidad and Tobago
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Aves
မျိုးစဉ်:Apodiformes
မျိုးရင်း:Trochilidae
Vigors, 1825
မျိုးရင်းခွဲများ

Eurotrochilus
Florisuginae
Phaethornithinae
Polytminae
Lesbiinae
Patagoninae
Trochilinae

ငှက်ပိတုန်းများ (Hummingbirds) သည် အမေရိကတိုက် ဌာနေရင်းငှက်များဖြစ်ကြပြီး မျိုးစိတ်ပေါင်း ၃၆၀ ခန့်ရှိကာ အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်တွင် တွေ့ရှိရလေ့ရှိသည်။ သို့သော် မျိုးစိတ်အများစုကို အပူပိုင်းဒေသတွင် တွေ့ရှိရသည်။ ယင်းငှက်တို့သည် သေးငယ်သောငှက်များဖြစ်ပြီး အလျား ၇.၅–၁၃ cm (၃–၅ in) ခန့်ရှိကြသည်။ အသေးဆုံး ငှက်ပိတုန်းမျိုးစိတ်သည် အလျား ၅ cm (၂.၀ in) ရှိသော ပဒူငှက် (Bee hummingbird) ဖြစ်ပြီး အလေးချိန် ၂.၀ g (၀.၀၇ oz) အောက်သာရှိသည်။ အကြီးဆုံး ငှက်ပိတုန်း မျိုးစိတ်မှာ ငှက်ပိတုန်းကြီး (giant hummingbird) ဖြစ်ပြီး အလျား ၂၃ cm (၉.၁ in) ရှိကာ အလေးချိန် ၁၈–၂၄ ဂရမ် (၀.၆၃–၀.၈၅ အောင်စ) ထိ ရှိကြသည်။ ယင်းငှက်တို့သည် ပန်းပွင့်များမှ ဝတ်ရည်အား စုပ်ယူစားသုံးသည့်နေရာတွင် အထူးကျွမ်းကျင်ကြသည်။ သို့သော် မျိုးစိတ်အားလုံးသည် ပျံသန်းတတ်သောအင်းဆက်များ သို့မဟုတ် ပင့်ကူများကို စားသုံးကြသည်။

ငှက်ပိတုန်းများသည် ယင်းတို့၏ ညီအစ်မအုပ်စု သစ်ပင်ပျံလွှားငှက်တို့မှ လွန်ခဲ့သော နှစ်သန်းပေါင်း ၂၄ နှစ်အကြာက ကွဲပြားဆင်းသက်လာခဲ့ကြသည်။ လက်ရှိရှင်သန်နေဆဲ ငှက်ပိတုန်းများ၏ ဘုံကျသော ဘိုးဘွားများမှာ လွန်ခဲ့သောနှစ်သန်းပေါင်း ၂၂ အကြာက တောင်အမေရိကတိုက်တွင် နေထိုင်ခဲ့ကြသည်။ ငှက်ပိတုန်းများသည် အတောင်ပံခတ်နှုန်း မြန်ဆန်ကြသည်။ အကြီးဆုံးမျိုးစိတ်သည် တစ်စက္ကန့်လျင် အတောင်ပံခတ်နှုန်း ၁၂ ချက်ရှိပြီး သေးငယ်သောမျိုးစိတ်များတွင် တစ်စက္ကန့်လျင် အချက် ၈၀ ခတ်နိုင်သည်။ လေတိုက်နေသောဥမှင်လှိုင်ခေါင်းထဲတွင် စမ်းသပ်ချက်အရ ငှက်ပိတုန်းများ၏ အမြင့်ဆုံး အမြန်နှုန်းသည် ၁၅ m/s (၅၄ km/h; ၃၄ mph) ကျော်သည်။ ကြင်ဖက်ရှာချိန်တွင် အချို့သော မျိုးစိတ်အဖိုများသည် အမြင့်ပေ ၁၀၀ (၃၀ မီတာ) မှ ငှက်အမဆီသို့ ၂၃ m/s (၈၃ km/h; ၅၁ mph) နှုန်းဖြင့် ဒိုင်ဗင်ထိုးဆင်းတတ်ကြသည်။[၁][၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား