ဂျောင်ဟယ်အင်း

တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်

ဂျောင်ဟယ်အင်း (၁ ဧပြီ ၁၉၈၈ မွေး) သည် တောင်ကိုရီးယားသရုပ်ဆောင် တစ်ဦး ဖြစ်သည်။ ၂၀၁၃ တွင် AOA Black ၏ တေးဗွီဒီယိုတွင် ပထမဦးဆုံး ပွဲဦးထွက်ခဲ့ပြီး နောက်တစ်နှစ်တွင် ''ရာစုနှစ်သတို့သမီး'' ရုပ်သံဇာတ်လမ်းတွဲဖြင့် တရားဝင် ပွဲဦးထွက်လာခဲ့သည်။[၂] ၂၀၁၇ ရုပ်သံများ ဖြစ်သော မင်းတို့အိပ်ပျော်နေခဲ့တုန်းကနှင့် ပွေလီထောင် ဇာတ်လမ်းတွဲ၌ ဇာတ်ပို့မင်းသားအဖြစ် လူသိများလာသည်။[၃] ၂၀၁၈ ရုပ်သံ ဖြစ်သော မိုးခါးရေ (မုန့်ဝယ်ကျွေးတဲ့ မမလှလှ) ဇာတ်လမ်းတွဲ၌ မနှင့်မောင်လေးဇာတ်ရုပ်ဖြင့် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သည်။

Jung Hae-in
မွေးဖွား (1988-04-01) ဧပြီ ၁၊ ၁၉၈၈ (အသက် ၃၆)
South Korea
ပညာရေးPyeongtaek University
အလုပ်အကိုင်Actor
တက်ကြွလှုပ်ရှားနှစ်များ2013–present
ကိုယ်စားလှယ်FNC Entertainment
အရပ်၁.၇၈ m (၅ ft ၁၀ in)[၁]
ဂျောင်ဟယ်အင်း
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
RRအက္ခရာဖလှယ်ခြင်း:Jeong Hae-in
MRအက္ခရာဖလှယ်ခြင်း:Chŏng Hae-in

ဘဝအစ

၂၁ နှစ်သားတွင် စစ်မှုထမ်းဆောင်ခဲ့သည်။ ပထမဆုံးသရုပ်ဆောင် အတွေ့အကြုံမှာ ကောလိပ်ရှိ တေးဂီတပွဲတွင် ဖြစ်ကာ၊ သရုပ်ဆောင်တယောက် ဖြစ်လာရန် စိတ်ဆုံးဖြတ်လိုက်သည်မှာ စစ်မှုထမ်းဆောင်စဉ် ဖြစ်ပြီး သူ့ရည်မှန်းချက် အောင်မြင်ရန် ၁၂ ကီလို အလေးချိန် ချခဲ့သည်။[၄] စစ်ဘက်နှင့် ကောလိပ်မှ ဘွဲ့ရပြီးနောက်တွင် သူ၏ အေဂျင်စီနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။[၅][၆] ၂၆ နှစ်တွင် ပွဲဦးထွက်သည်။

ဂျောင် ပထမဆုံး တရားဝင် ပွဲဦးထွက်သည့် ရုပ်သံမှာ ရာစုနှစ်သတို့သမီး(၂၀၁၄) ဖြစ်ပြီး၊ ၎င်းနောက် "လူငယ်" ရုပ်ရှင်တွင် ပါဝင်သည်။[၇][၈] ထိုနှစ်ထဲမှာပင် ရာဇဝင်ကားဖြစ်သော သူရဲကောင်းသုံးဦးတွင် ရိုက်ကူးသည်။ ထို့နောက် ၂၀၁၄-၂၀၁၆ ကြား ရုပ်ရှင်ရုပ်သံ အမျိုးမျိုးတို့၌ ဧည့်သရုပ်ဆောင်အဖြစ် ကျရာဇာတ်ရုပ်၌ ပါဝင်သည်။ မှတ်မှတ်သားသား ဖြစ်ရသော ဇာတ်ရုပ်မှာ အစောင့်အရှောက်၊ အထီးကျန်နတ်ကြီးကင်ဂိုအွန်၏ အချစ်ဦးအဖြစ် သရုပ်ဆောင်ရခြင်းပင် ဖြစ်သည်။

လူကြိုက်များလာခြင်း

၂၀၁၇ တွင် အက်စ်ဘီအက်စ် ၏ စိတ်ကူးယဉ်အချစ် ဇာတ်လမ်းတွဲ မင်းတို့အိပ်ပျော်နေခဲ့တုန်းက ၌ တရှိန်ထိုး လူကြိုက်များလာသည်။ ထိုဇာတ်လမ်းတွဲ စပြနေချိန်၌ ကိုရီးယား ရှာဖွေရေးဆိုက် ဖြစ်သော နေဗာတွင် အရှာခံရဆုံး နံပါတ်တစ် ဖြစ်လာသည်။[၉] ထိုနှစ်မှာပင် ရာဇဝင်ကား နှစ်ကားလည်း ရိုက်ကူးသည်။ ၎င်းနောက် ရုပ်သံဟာသ ပွေလီထောင်တွင် ပါဝင်သည်။[၁၀]

၂၀၁၈ တွင် ဂျောင်သည် ရာဇဝင်ကား ဟောင်းဘူတော်လှန်ရေးသမားများ တွင် ဘုရင် ဟွန်ဂျုန်းအဖြစ် သရုပ်ဆောင်ထားသည်။ ဆွန်ရယ်ဂျင်းနှင့်အပြိုင် မိုးခါးရေ ရုပ်သံဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသားအဖြစ် ပထမဦးဆုံး ပါဝင်လာသည်။[၁၁][၁၂] ထိုရုပ်သံ ပြသနေချိန်၌၊ ဂျောင်သည် အာရှတလွှား လူသိများ ကျော်ကြားလာပြီ ဖြစ်သည်။[၁၃]

ကိုယ်ရေးကိုယ်တာ

ဂျောင်ဟယ်အင်းနှင့် အဘီတော်သူသည် ဂျိုဆွန်းခေတ်နှောင်းပိုင်း၏ ကြီးကျယ်သော တွေးခေါ်ပညာရှင် ဂျုံးယကျုံ ဖြစ်သည်။[၁၄] ပြုံးတက် တက္ကသိုလ်မှ ရုပ်သံလွှင့်ဖျော်ဖြေရေးဘွဲ့ ရရှိပြီး၊ တက္ကသိုလ်တွင် ဂီတပြဇာတ်များ၌ လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။[၁၅][၁၆]

ဂျောင်သည် မင်းတို့အိပ်ပျော်နေခဲ့တုန်းက ဇာတ်လမ်းတွဲ သရုပ်ဆောင်စဉ် တွဲဖက်သရုပ်ဆောင်များ ဖြစ်သော လီဂျုန်ဆွတ်နှင့် ရှင်းဂျယ်ဟာတို့နှင့် ခင်မင်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သွားသည်။[၁၇][၁၈]

ရုပ်ရှင်ရုပ်သံ

ရုပ်ရှင်

နှစ်English titleKorean titleဇာတ်ရုပ်Notes
2014The Youth레디액션 청춘Park Man-jaeSegment: Wonderwall[၈]
2015Salute D'Amour장수상회young Kim Sung-chil[၁၉]
2016The Moon of Seoul서울의 달Ji PyungShort film[၂၀]
2017The King's Case Note임금님의 사건수첩Heuk-woon[၂၁]
Conspiracy: Age of Rebellion역모: 반란의 시대Kim Ho[၂၂]
2018Heung-boo: The Revolutionist흥부King Heonjong[၂၃]

ရုပ်သံ

နှစ်English titleKorean titleဇာတ်ရုပ်NetworkNotes
2014Bride of the Century백년의 신부Choi Kang-inTV Chosun[၂၄]
The Three Musketeers삼총사Ahn Min-seotvN[၂၅]
2015Blood블러드Joo Hyun-wooKBS2[၂၆]
Reply 1988응답하라 1988Ho-youngtvNCameo (Episode 13)[၂၇]
2016Yeah, That's The Way It Is그래, 그런거야Yoo Se-joonSBS[၂၈]
Night Light불야성TakMBC[၂၉]
Guardian: The Lonely and Great God쓸쓸하고 찬란하神 – 도깨비Choi Tae-heetvNCameo (Episode 7–8)[၃၀]
2017While You Were Sleeping당신이 잠든 사이에Han Woo-takSBS[၃၁]
2017–2018Prison Playbook슬기로운 감빵생활Captain YootvN[၃၂][၃၃]
2018Something in the Rain밥 잘 사주는 예쁜 누나Seo Joon-heeJTBC[၁၁]

ဆုနှင့်ဇကာတင်

နှစ်ဆုCategoryဇကာတင်လက်ရာရလဒ်Ref.
201624th SBS Drama AwardsNew Star AwardThat's The Way It Isဆုရရှိ[၃၄]
201725th SBS Drama AwardsExcellence Award, Actor in a Wednesday–Thursday DramaWhile You Were Sleepingဆန်ခါတင်
201854th Baeksang Arts AwardsMost Popular ActorPrison Playbookဆုရရှိ[၃၅]

ကိုးကား

ပြင်ပလင့်

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား