ဂျေရုဆလင်မြို့
ဂျေရုဆလင်မြို့ (အင်္ဂလိပ်: Jerusalem; /dʒəˈruːsələm/; ဟီဘရူး: יְרוּשָׁלַיִם Yerushaláyim; အာရပ်: القُدس, al-Quds, အာရပ် အသံထွက်: [al.quds] ( ), ဒေသန္တရ အသံထွက်: [il.ʔuds][၉][၁၀][၁၁][note ၂]) သည် အနောက်အာရှရှိ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပြီး မြေထဲပင်လယ်နှင့် ပင်လယ်သေတို့အကြားရှိ ရဟူးဒါတောင်တန်း ကုန်းပြင်မြင့်တွင် တည်ရှိသည်။ ဂျေရုဆလင်မြို့သည် ကမ္ဘာ့ရှေးအကျဆုံး မြို့တစ်မြို့ ဖြစ်ပြီး ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့၏ မြင့်မြတ်သော မြို့အဖြစ် ယူဆကြသည်။ ဂျေရုဆလင်အား မြို့တော်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံလုံးက အသီးသီး သတ်မှတ်ထားကြသည်။[၁၂]
ဂျေရုဆလင်မြို့ Jerusalem | |||
---|---|---|---|
မြို့ | |||
| |||
နာမည်ပြောင်(များ): Ir ha-Kodesh (The Holy City), Bayt al-Maqdis (House of the Holiness) | |||
ကိုဩဒိနိတ်: 31°47′N 35°13′E / 31.783°N 35.217°E 35°13′E / 31.783°N 35.217°E | |||
အုပ်ချုပ်သူ | အစ္စရေးနိုင်ငံ | ||
ပိုင်ဆိုင်ကြောင်း ဆိုသူ | အစ္စရေးနိုင်ငံ နှင့် ပါလက်စတိုင်း [note ၁] | ||
ခရိုင် | ဂျေရုဆလင်ခရိုင် | ||
Palestinian governorate | ဂျေရုဆလင် | ||
Gihon Spring settlement | ဘီစီ ၃၀၀၀–၂၈၀၀ | ||
City of David | ဘီစီ ၁၀၀၀ ခန့် | ||
လက်ရှိ မြို့ရိုးဟောင်း တည်ဆောက် | ၁၅၄၁ | ||
ဂျေရုဆလင် အရှေ့-အနောက် ကွဲခြင်း | ၁၉၄၈ | ||
ပြန်လည်ပေါင်းစည်း | ၁၉၆၇ | ||
အစိုးရ | |||
• အမျိုးအစား | Mayor–council | ||
• အစိုးရအဖွဲ့ | Jerusalem Municipality | ||
• အစ္စရေးမြို့တော်ဝန် | Moshe Lion (Likud) | ||
• ပါလက်စတိုင်းမြို့တော်ဝန် (အရှေ့) | Zaki al-Ghul (titular) | ||
ဧရိယာ | |||
• မြို့ | ၁၂၅၁၅၆ dunams (၁၂၅.၁၅၆ စတုရန်းကီလိုမီတာ or ၄၈.၃၂၃ စတုရန်းမိုင်) | ||
• မြို့ပြကြီး | ၆၅၂၀၀၀ dunams (၆၅၂ စတုရန်းကီလိုမီတာ or ၂၅၂ စတုရန်းမိုင်) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၇၅၄ မီတာ (၂၄၇၄ ပေ) | ||
လူဦးရေ (2019)[၅] | |||
• မြို့ | ၉၃၆,၄၂၅ | ||
• သိပ်သည်းမှု | ၇၅၀၀/km၂ (၁၉၀၀၀/sq mi) | ||
• မြို့ပြကြီး[၆] | ၁,၂၅၃,၉၀၀ | ||
Demographics (၂၀၁၆)[၇] | |||
• Jewish | ၆၀.၈% | ||
• Arab | ၃၇.၇% | ||
• အခြား | ၁.၅% | ||
အချိန်ဇုန် | IST, PST (UTC+02:00) | ||
• နွေရာသီ (DST) | IDT, PDT (UTC+03:00) | ||
စာပို့သင်္ကေတ | 9XXXXXX | ||
တယ်လီဖုန်းကုဒ် | +972-2 | ||
HDI (၂၀၁၇) | ၀.၇၀၄[၈] – မြင့် | ||
ဝက်ဘ်ဆိုဒ် | jerusalem.muni.il | ||
မမှန်ကန်သော ရွေးချယ်ထားမှု | |||
တရားဝင်အမည် | ဂျေရုဆလင်မြို့တော်ဟောင်းနှင့် မြို့ရိုးများ | ||
အမျိုးအစား | ယဉ်ကျေးမှု | ||
ရွေးချယ်သည့်စံနှုန်း | ii, iii, vi | ||
ရွေးချယ်ခြင်း | ၁၉၈၁ | ||
ရည်ညွှန်းနံပါတ် | 148 | ||
ဒေသ | ဂျေရုဆလင်ခရိုင် | ||
ပျောက်ပျက်ရန် စိုးရိမ်ရမှု | ၁၉၈၂–လက်ရှိ |
လက်ရှိ ဂျေရုဆလင်မြို့ရှိ လူဦးရေမှာ ၇၆၃,၈၀၀ ဖြစ်ပြီး အရှေ့ဂျေရုဆလင် ပါဝင်လျှင် မြို့ဧရိယာမှာ ၁၂၅.၁ km2 ကျယ်ဝန်းသည်။ [၁၃] ဂျေရုဆလင်သည် မြေထဲပင်လယ်နှင့် ပင်လယ်သေအကြား တောင်တန်းပေါ်တွင် တည်ရှိသည်။ ခေတ်သစ် ဂျေရုဆလင်မြို့သည် ယခုအခါတွင် ဂျေရုဆလင်မြို့ဟောင်းထက် များစွာ ဖွံ့ဖြိုးလာပြီဖြစ်သည်။ ဂျက်ဖားသင်္ဘောဆိပ်မြို့၏ အနောက်တောင်ဘက် ၃၅ မိုင်ကွာ ၌ရှိသော တောင်ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိ၏။
'ဂျေရုစလင်'၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးမြို့တော်ဖြစ်၏။ သို့သော်လည်း ဤမြို့၌ မကြာခဏ စစ်ပွဲများ ဖြစ်ပွားသောကြောင့် မကြာခဏ ပြန်လည် ပြင်ဆင်တည်ဆောက်ခဲ့ရသဖြင့် ထိုမြို့သည် ကမ္ဘာပေါ်ရှိမြို့အပေါင်းတို့တွင် ငြိမ်းချမ်းမှု အနည်းဆုံးမြို့ ဖြစ်ပေသည်။ ယခုမြို့၏ မြေအောက်ပေ ၃၀ ခန့်တွင် ရှေးခေတ်က ရောမလူမျိုးတို့ ဖောက်လုပ်ထားခဲ့သည့် လမ်းမကြီးကို တွေ့နိုင်လေသည်။ အမှန်စင်စစ် ဂျေရုဆလင်မြို့သည် မြို့ ၃ မျက်နှာကို နက်ရှိုင်းသောချောက်ကြီး ၃ ခု ဝန်းရံနေ သောကြောင့် သဘာဝခံတပ်မြို့တစ်မြို့ ဖြစ်၏။
အရှေ့နှင့် အရှေ့မြောက်ဘက်တွင် ကစ်ဒရွန်ချောက်ကြီးသည် မြို့တော်ကို သံလွင်ပင်ကြီးများပေါက်ရောက်ရာ သံလွင်တောင်မှ ခြားထား၏။ အနောက်ဘက်တွင် တောင်ဘက်သို့ တန်းသွားသော ဟင်နွန်(ဝါ) ဂီဟင်းနာချိုင့်ဝှမ်းကြီး ရှိသည်။ ယင်းမှာ ရှေးက ဖီနီရှန်လူမျိုးတို့ လူကိုသတ်ဖြတ် ယဇ်ပူဇော်ရာနေရာ ဖြစ်သည်။
ဂျေရုစလင်မြို့ရိုးမှာ ကြိမ်ဖန်များစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည့်ပြင် အဖန်ဖန် ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့ရသော မြို့ရိုးဖြစ်၍ ယခု မြို့တံခါး ၈ ပေါက်မှာ ၁၆ ရာစုနှစ်က စူလတန်ဘုရင် ဆူလေမန် တည်ဆောက်ထားခဲ့သော တံခါးများ ဖြစ်၏။ မြို့၏ တောင်ဘက်တွင် ဂျူးတို့ အထွတ်အမြတ်ထားရာ ဘုရားဝတ်ပြု တန်ဆောင်းကြီးတစ်ခု၏ နံရံဟောင်းတစ်ခု ရှိသည်။ ယင်းတန်ဆောင်းမှာ ရဟူဒီဘုရင်ကြီး ဆော်လမွန် တည်ဆောက်ခဲ့သော အဆောက်အအုံကြီးတစ်ခုဟု ယုံကြည်ကြလေသည်။ သောကြာနေ့တိုင်း ရဟူဒီဘုရားဖူးတို့သည် ဤနံရံဟောင်းကြီးကို နဖူးနှင့်ကပ်လျက် ငိုကြွေး မြည်တမ်းကာ ရှေးခေတ်ဟောင်းက ရဟူဒီတို့ ခမ်းနားကြီး ကျယ်ခဲ့ပုံကို အောက်မေ့တမ်းတလေ့ရှိသဖြင့် ငိုကြွေးရာတံတိုင်းဟု အမည်တွင် လျက်ရှိသည်။ ယင်းသည့် ရဟူဒီ တန်ဆောင်းကြီးနေရာတွင် မူစလင်တို့၏ အိုမာဗလီဝတ် ကျောင်းကြီးကို ကျောက်သားဖြင့် လှပစွာ ဆောက်လုပ်ထားလေသည်။ ဂျေရုဆလင်မြို့တွင် ခရစ်ယာန်ဘုရားဖူးတို့ အထူး သွားရောက် ဖူးမြော်တတ်သောနေရာကား ဟိုးလီးဆီးပါးလခါး ဘုရားရှိခိုးကျောင်းဖြစ်၏။ ထိုကျောင်းတော်ရာမှာ ခရစ်တော်၏သင်္ချိုင်းရာ ဖြစ်သည်ဟု ယုံကြည်ကြ၏။ အမှန်စင်စစ် ခရစ်တော်အား ကားစင်တင်သတ်သော လက်ဝါးကပ် တိုင်တည်ရာ ခရစ်တော်အား မြှုပ်နှံရာနေရာတို့ကို မည်သူမျှ အတိအကျ မပြနိုင်ကြချေ။ သို့ရာတွင် မြင့်မြတ်သောနေရာကို ရည်မှန်း၍သာလျှင် ဖူးမြော်နေကြလေသည်။
မြို့တော်ဟောင်း၏လမ်းများမှာ ကျဉ်းမြောင်းကောက်ကွေ့၏။ မြို့ရိုးပြင်ဘက် ဆင်ခြေဖုံးများတွင် ကျယ်ပြန့်၍ ဘေးတဖက်တချက်တွင် သစ်ပင်စိုက်ထားသော လမ်းမကြီးများ၊ ဥယျာဉ်များနှင့် အဆောက်အအုံများ ရှိ၏။ မြို့တော်၏အကြီးဆုံး ရပ်ကွက်သစ်မှာ ဂျက်ဖားတံခါးမကြီး၏ အနောက်ဘက်တွင် ရှိလေသည်။
ဘီစီ ၁၄၀၀ ပြည့်နှစ်ခန့်တွင် ဤမြို့တော်ကို အီဂျစ် လက်အောက်ခံ ဘုရင်တစ်ပါးက အုပ်ချုပ်ခဲ့၏။ ထို့နောက် ဘီစီ ၁၀၀၀ ခန့်လောက်တွင် ဒေးဗစ်ဘုရင် သည် ဂျေရုဆလင်ကို ယဟူဒီနိုင်ငံသစ်၏မြို့တော် ပြုလုပ်ခဲ့လေသည်။ ဘီစီ ၅၈၆ ခုနှစ်တွင် ဗက်ဗီလုံးဘုရင် နက်ဗူခတ်နက်ဇာသည် ဂျေရုဆလင်မြို့ကို သိမ်းပိုက်၍ မြို့သူမြို့သား အမြောက်အမြားကို ဖမ်းဆီး ခေါ်ဆောင်သွားလေသည်။ ပါရှားဘုရင် ဆိုင်းရပ်လက်ထက်တွင် မြို့သစ်ပြန်တည်၍ ဘီစီ ၄၄၅ ခုနှစ်လောက်တွင် မြို့ရိုး များကို အသစ်ပြန်လည်၍ ဆောက်လုပ်ခဲ့လေသည်။ ထိုမှတစ်ဖန် ဂျေရုဆလင်မြို့သည် ဂရိဘုရင် အယ်လက်ဇန္နား-သည်-ဂရိတ်၏ လက်အောက်သို့ ကျရောက်ခဲ့ပြန်သည်။ နောင်အခါတွင် ဆီးရီးယန်းနှင့် အီဂျစ်ဘုရင်တို့ သူတပြန်ငါတပြန် တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြန်၏။ ဘီစီ ၆၃ ခုနှစ်တွင် ရောမစစ်ဗိုလ်ကြီး ပွန်ပီက သိမ်းပိုက်ခဲ့၏။ ရောမတို့ လက်အောက်တွင် ယဟူဒီလူမျိုးများက ထကြွပုန်ကန်သဖြင့် မြို့ကို ၂ ကြိမ်မျှ ဖျက်ဆီးပစ်လိုက်ခြင်း ခံရ၏။ အေဒီ ၆၃၇ ခုနှစ်တွင် မူစလင်တို့က သိမ်းပိုက်လိုက်၏။ ဂျေရုစလင်မြို့သည် တူရကီနှင့် အီဂျစ်လူမျိုးတို့လက်ထဲမှ ၁၀၉၉ ခုနှစ်တွင် ကရူးဆိတ် စစ်ဆင်သူ ဥရောပဘုရင်များ၏လက်သို့ ကျရောက်ခဲ့ရ၏။ ၁၁၈၇ ခုနှစ်တွင် အာရပ်မူစလင်ခေါင်းဆောင် ဆဲလဒင်းက ပြန်လည် သိမ်းပိုက်ခဲ့၍ ၁၅၁၇ ခုနှစ်တွင် တူရကီတို့ လက်ထဲသို့ ရောက်သွား၏။ ၁၁၈၇ နှစ်မှ ၁၁၉၇ ခု ဗြိတိသျှ စစ်တပ်များက သိမ်းပိုက်သည်အထိ မူစလင်တို့ လက်ထဲ၌ ရှိခဲ့ပေသည်။
ဂျေရုစလင်မြို့နှင့် ခရိုင်မှာ ယခုအခါ အစ္စရေးနိုင်ငံ အစိုးရနှင့် ဂျော်ဒန်နိုင်ငံ အစိုးရတို့ ခွဲဝေအုပ်ချုပ်လျက်ရှိ၏။ မြို့ဟောင်းကို ဂျော်ဒန်ကပိုင်၍ မြို့သစ်ကို အစ္စရေးကပိုင်သည်။ မြို့ဟောင်းတွင် အထွတ်အမြတ်နေရာ ၃၄ ခု ရှိသည်။ မြို့သစ်၌မူ အထွတ်အမြတ်ထားရာနေရာ ၂ ခုသာ ရှိသည်။ ဂျေရုဆလင်မြို့သည် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မှစ၍ အဇ္ဇရီယယ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့လေသည်။ လူဦးရေမှာ ၁၉၅၃ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ၁၄၃,၅၀၀ ဖြစ်လေသည်။ [၁၄]
ပြတိုက်
- ယေရုရှလင်မြို့ အလင်း လက်ရန်းတန်း
- အစ္စရေးတရားရုံးချုပ်
- အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန
- အစ္စရေးဝန်ကြီးချုပ်နေအိမ်
- အစ္စရေးအမျိုးသားသင်္ချိုင်း
- ဣသရေလအမျိုး၏ အမျိုးသားရုက္ခဗေဒဥယျာဉ်
- ဂျေရုဆလင်မြို့အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ
- အစ္စရေး သိပ္ပံနှင့်လူမှုအကယ်ဒမီ
- ဘဇလဲ အနုပညာနှင့်ဒီဇိုင်းအကယ်ဒမီ
- အစ္စရေးရုပ်မြင်သံကြား
ကြည့်ရန်
မှတ်စုများ
ကိုးကား
ပြင်ပလင့်ခ်များ
- ဂျေရုဆလင်မြို့ ဝဘ်ဆိုဒ်
- ဂျေရုဆလင် mp3 Archived 1 August 2015 at the Wayback Machine.
အစိုးရဌာန
ယဉ်ကျေးမှု
- အစ္စရေးပြတိုက်
- Yad Vashem Archived 4 February 2016 at the Wayback Machine., Israeli memorial to victims of The Holocaust
- ဂျေရုဆလင် ပွဲတော် လမ်းညွှန်
ပညာရေး
- ဟီဘရူး တက္ကသိုလ်
- အယ်ကွဒ် တက္ကသိုလ် ("ဂျေရုဆလင်ရှိ တစ်ခုတည်းသော အာရပ် တက္ကသိုလ်")
မြေပုံ
- ခေတ်သစ် ဂျေရုဆလင်မြို့၏ မြေပုံ (မြူနီစပယ်အစိုးရ)
- ဂျေရုဆလင်၏ ရှေးမြေပုံ Archived 11 April 2006 at the Wayback Machine. (ယဟူဒီအမျိုးသား စာကြည့်တိုက် ဟီဘရူးတက္ကသိုလ်)
- ၁၉၄၇ ခုနှစ်လွန်ကာလ မြေပုံ Archived 16 June 2008 at the Wayback Machine. (PASSIA)