ဂျီရော်နီမို

တမ်းပလိတ်:InfoBox American Indian chief

ဂျီရော်နီမို (အင်္ဂလိပ်: Geronimo) (၁၈၂၉-၁၉၀၉) သည် ဘီဒွန်ကိုဟီ အပါချီတိုင်းရင်းသား ဖြစ်ပြီး အပါချီမြေသို့ ကျူးကျော်လာသော မက္ကဆီကို တွန်းလှန်ခဲ့ပြီး နယ်ချဲ့လာသော အမေရိကန်တို့ကို ခုခံခဲ့သူ ဖြစ်သည်။ အမည်ရင်းမှာ ခိုယာတယ် ဖြစ်သော်လည်း မက္ကဆီကိုတို့အား ဝင့်ဝင့်ရဲရဲ တိုက်ခိုက်ပြီးနောက် ဂျီရော်နီမို ဟူသော အမည် ရလာသည်။

၁၈၅၈ ခု မက္ကဆီကို ကျူးကျော်လာသော် ခိုယာတယ်၏ မိခင်၊ ဇနီးနှင့် သားသမီး ၃ ယောက်လုံး သေသည်။ တိုက်ခိုက်ရေးအဖွဲ့ ဖွဲ့ကာ မက္ကဆီကိုတို့အား လက်စားချေသည်။ သူ့အဖွဲ့သည် မက္ကဆီကိုပြည်နယ်တို့ကို ကျော်ကာ အမေရိကန်ပိုင်နက် အရီဇိုးနား၊ နယူးမက္ကဆီကိုနှင့် အနောက် တက္ကဆက်နယ်အထိ ခြေဆန့်နိုင်ခဲ့သည်။

၁၈၈၆ ခုတွင် အမေရိကန်အာဏာပိုင်တို့ထံ ဂျီရော်နီမို လက်နက်ချသည်။ အကျယ်ချုပ်နှင့် ထားပြီး မွေးရပ်သို့ ပြန်ခွင့်မရတော့။ ၁၉၀၉ ခုတွင် မြင်းပေါ်မှ ပြုတ်ကျပြီးနောက် အဖျားဝင်ကာ ဥက္ကလာဟိုးမားနယ်၊ ဖော့ဆေးမြို့တွင် ဆုံးသည်။

၁၉၃၉ ခုထွက် ဂျီရော်နီမို ရုပ်ရှင်တွင် အမေရိကန် လေထီးစစ်သည်တို့ လေယာဉ်မှ ခုန်သော် ကြောက်ရွံ့ခြင်းမရှိကြောင်း ပြသည့်အနေဖြင့် ဂျီရော်နီမို ဟု အော်ကာ ဆင်းကြသည်။ နှောင်းအခါ လေယာဉ်မှ ခုန်ဆင်းတိုင်း ထိုသို့အော်သည့်အလေ့ ဖြစ်လာသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား