ဂယ်ရီ ကာဟေးလ်

အင်္ဂလိပ်အသင်းမှဘောလုံးကစားသမား

ဂယ်ရီ ဂျိမ်းစ် ကာဟေးလ် ( ၁၉ ဒီဇင်ဘာလ ၁၉၈၅ခုနှစ်တွင် ဖွားမြင်) သည် အင်္ဂလန် ကြေးစားဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းနှင့် အဆင့်မြင့်တန်း အသင်း ချဲလ်ဆီးဘောလုံးအသင်းတို့တွင် ဗဟိုနောက်ခံကစားသမားအဖြစ် ကစားလျက်ရှိသည်။ ကာဟေးလ်သည် ချဲလ်ဆေးအသင်း၏အသင်းခေါင်းဆောင်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်း၏ဒုတိယ ခေါင်းဆောင်ဖြစ်သည်။[၃][၄]
ကာဟေးလ်သည် သူ၏ကစားသမားဘဝကို ဒါဘီရှိုင်းယားမြို့နယ်မှ ဒရွန်းဖီးလူငယ်ဘောလုံးစနစ်အတွင်း ပါဝင်ခြင်းဖြင့် စတင်ခဲ့သည်။ ၂၀၀၀ခုနှစ်တွင် သူသည် အက်စတန်ဗီလာ အကယ်ဒမီသို့ ဝင်ရောက်ခဲ့ပြီး တိုးတက်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဘန်လေအသင်းတွင် တစ်ရာသီ အငှား စာချုပ်ဖြင့် ကစားခဲ့ပြီး ၂၀၀၈ ဇန်နဝါရီ ၃၀ရက်တွင် ဘောလ်တန် ဝမ်ဒရာစ်အသင်းသို့ ပေါင် ၅သန်းဖြင့် ပြောင်းရွေ့ခဲ့သည်။ ဘောလ်တန်အသင်းတွင် ပွဲပေါင်း ၁၃၀ ကစားပြီး ၁၃ဂိုး သွင်းယူနိုင်ခဲ့သည်။ ၂၀၁၂ ဇန်နဝါရီလတွင် ကာဟေးလ်သည် ပေါင် ၇သန်းဖြင့် ချဲလ်ဆေးအသင်းသို့ ပြောင်းခဲ့သည်။ ကားဟေးလ်သည် ချဲလ်ဆေးအသင်းတွင် သူ၏ပထမဆုံး ရာသီတွင်ပင် ဥရောပ ချန်ပီယံလိဂ်နှင့် အင်္ဂလန် ရှုံးထွက်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ဥရောပ ရှုံးထွက်ဖလား၊ အင်္ဂလန် လိဂ်ဖလားနှင့် အဆင့်မြင့်တန်း ဖလားတို့ကိုလည်း ဆက်လက်ရရှိခဲ့သည်။

ဂယ်ရီ ကာဟေးလ်
၂၀၁၇ ခုနှစ်၌ ဂယ်ရီ ကာဟေးလ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံဂယ်ရီ ဂျိမ်းစ် ကာဟေးလ်[၁]
မွေးသက္ကရာဇ် (1985-12-19) ၁၉ ဒီဇင်ဘာ၊ ၁၉၈၅ (အသက် ၃၈)[၁]
မွေးရပ်ဇာတိဒရွန်းဖီး , အင်္ဂလန်
အရပ်အမြင့်၁.၉၃ m (၆ ft ၄ in)[၂]
ကစားသည့်နေရာဗဟို နောက်ခံလူ
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ချဲလ်ဆီး
အင်္ကျီနံပါတ်၂၄
လူငယ်ဘဝကလပ်များ
0000–2000en:AFC Dronfield
2000–2004အက်စတန် ဗီလာ
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းကစားပွဲ(သွင်းဂိုး)
2004–2008အက်စတန် ဗီလာ 28(1)
2004–2005ဘန်လေ (အငှား)27(1)
2007–2008Sheffield United (အငှား)16(2)
2008–2012Bolton Wanderers130(13)
2012–ချဲလ်ဆီး162(13)
နိုင်ငံကိုယ်စားပြုအသင်း
2004–2005အင်္ဂလန် U203(0)
2007အင်္ဂလန် U213(0)
2010–အင်္ဂလန်55(4)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 15:02, 11 June 2017 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 18:58, 14 June 2017 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား