ခွဲစိတ်ကုပညာ

ခွဲစိတ်ကိရိယာအသုံးပြု၍ လူကိုယ်ခန္ဓာအစိတ်အပိုင်းကို ကျန်းမာရေးအရ ခွဲစိတ်စစ်ဆေးခြင်း

ခွဲစိတ်ကုပညာသည် လူနာတစ်ဦး၏ ရောဂါကိုစစ်ဆေးရန် သို့မဟုတ် ရောဂါ သို့မဟုတ် ဒဏ်ရာကို ကုသရန်အလို့ငှာ ခွဲစိတ်ကိရိယာများ၏အကူအညီနှင့် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ဆောင်စွမ်းနှင့် ပုံမှန်ပုံပန်းသဏ္ဌာန်ကိုရအောင် ပြန်လည်ပြုပြင်ပေးသော သို့မဟုတ် ပျက်စီးနေသော ခန္ဓာကိုယ်အစိတ်အပိုင်းကို ပြန်လည်ပြုပြင်ဖယ်ရှားပေးသော ဆေးပညာအထူးပြုတစ်ရပ်ဖြစ်သည်။ ခွဲစိတ်ကုသမှုပြုလုပ်သောဆရာဝန်ကို ခွဲစိတ်ဆရာဝန်ဟု ခေါ်ပြီး ထိုခွဲစိတ်မှုတွင် အကူအညီပေးသောဆရာဝန်ကို လက်ထောက်ခွဲစိတ်ဆရာဝန် ဟုခေါ်သည်။ ခွဲစိတ်အဖွဲ့တစ်ခုကို ခွဲစိတ်ဆရာဝန်၊လက်ထောက်ခွဲစိတ်ဆရာဝန်၊မေ့ဆေးဆရာဝန်၊သူနာပြု နှင့် ခွဲစိတ်မှုဆိုင်ရာ နည်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။

ခွဲစိတ်ကုဆရာဝန်များ ခွဲစိတ်ကုသမှုပြုလုပ်နေစဉ်

အဓိပ္ပာယ်ဖွင့်ဆိုချက်

ခွဲစိတ်ကုပညာဆိုသည်မှာ လူ့ခန္တာကိုယ်ရှိ တစ်သျှူးများအပေါ် တိုက်ရိုက်ထိတွေ့ကုသနည်းများပါဝင်သော ပညာရပ်တစ်ခုဖြစ်သည်။

ယေဘုယျအားဖြင့် ကုသမှုလုပ်ငန်းစဉ်တစ်ရပ်တွင် လူနာ၏ ခန္ဓာကိုယ်ရှိ တစ်သျှူးများကို ဖြတ်တောက်ခြင်း ၊ ယခင်ရှိပြီးသား ဒဏ်ရာကို ပြန်လည်ချုပ်ခြင်းတို့စသော လုပ်ငန်းများပါဝင်လာပါက ထိုကုသမှုလုပ်ငန်းစဉ်ကို ခွဲစိတ်ကုသခြင်းဟု သတ်မှတ်သည်။

ခွဲစိတ်မှုပညာသမိုင်း

ဖောက်ခြင်း

သမိုင်းမတိုင်မီ ခေတ်ကတည်းမှ ခွဲစိတ်ကုသမှုနည်းလမ်းများသည် တည်ရှိခဲ့သည်။ သက်သေအခိုင်အမာနှင့် တွေ့ရှိခဲ့သော အစောဆုံး ခွဲစိတ်ကုသမှုသည် ဖောက်ခြင်း(trepanation) ဖြစ်သည်။[၁] ၎င်းသည် ဦးခေါင်းခွံကို ဖောက်ကာ အပေါက်တစ်ခုပြုလုပ်ပြီး ဦးနှောက်အမြှေးပါး အပေါ်ဆုံးလွှာကို အပြင်သို့လှစ်ဟခြင်းအားဖြင့် ဦးခေါင်းခွံအတွင်း ဖိအားကြောင့်ဖြစ်ပေါ်လာသော ရောဂါများနှင့် အခြားရောဂါအမျိုးမျိုးကို ကုသခဲ့သောနည်းဖြစ်သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား