ခွေးမျိုးရင်း

နို့တိုက်သတ္တဝါများ မျိုးရင်းတစ်စု
ခွေးမျိုးရင်းဝင်များ
(Canids)
Temporal range: Late Eocene-Holocene[၁]:7 (37.8 Ma-present)
10 of the 13 extant canid genera
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Mammalia
မျိုးစဉ်:Carnivora
မျိုးစဉ်သေး:Caniformia
မျိုးရင်း:Canidae
Fischer de Waldheim, 1817[၂]
အမျိုးအစား မျိုးစု
Canis
မျိုးရင်းခွဲများနှင့် ရှင်သန်ဆဲမျိုးစုများ

Canidae (/ˈkænɪd/;[၃]) ဆိုသည့် အင်္ဂလိပ်စကားလုံးမှာ လက်တင်ဘာသာ "Canis" မှ ဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့် (လက်တင်: Canis, ကန်းနစ်, lit. 'ခွေး')ဟု အဓိပ္ပာယ်ရသည်။ ဆိုလိုသည်မှာ ခွေးနှင့် ဇီဝမျိုးတူတိရစ္ဆာန်များ၊ တနည်းအားဖြင့် ခွေးမျိုးရင်းဝင် တိရစ္ဆာန်များကို ခြုံငုံ၍ခေါ်ဆိုခြင်းဖြစ်သည်။ ခွေးမျိုးရင်းတွင် အိမ်မွေးခွေးများ(မျိုးစိတ်အားလုံး)ဝံပုလွေများမြေခွေးများကွိုင်းယုတ်များတောခွေးများဒင်ဂိုများခွေးအ များအာဖရိက ခွေးရိုင်းများနှင့် အခြားမျိုးစိတ်များစွာ ပါဝင်သည်။[၄]

ခွေးမျိုးရင်းဝင်များကို အန္တာတိကတိုက်မှလွဲ၍ ကျန်တိုက်ကြီးအားလုံး၌ သဘာဝအတိုင်းသော်လည်းကောင်း၊ လူသားများနှင့် ယှဉ်တွဲ၍သော်လည်းကောင်း ရောက်ရှိကာ နေထိုင်ကျက်စားနေကြသည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ခွေးမျိုးရင်းများသည် အရွယ်အစားအားဖြင့်လည်း ၆.၆-ပေ (၂.၀-မီတာ) အရှည်ရှိသော ဝံပုလွေ မှသည် ၉.၄ လက်မ (၂၄ စင်တီမီတာ) မျှသာရှိသော ဖန်းနက်စ်မြေခွေးအထိ အမျိုးအမျိုးအစုံစုံရှိလေသည်။

ခွေးမျိုးရင်းဝင် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ပုံစံသည် ယေဘူယျအားဖြင့် ရှည်လျားသော နှုတ်သီး၊ အပေါ်ထောင်နေသော နားရွက်များ၊ အရိုးများကိုက်ခွဲခြင်းနှင့် အသားများ ဖြတ်တောက်ခြင်းအတွက် လိုက်လျောညီထွေရှိနေသော သွားများ၊ ခြေတံရှည်များနှင့် အမွေးပွအမြီးများ ပါရှိလေသည်။

ခွေးမျိုးရင်းများသည် အုပ်စုလိုက်နေတတ်သော တိရစ္ဆာန်များဖြစ်ကြပြီး၊ ၎င်းအုပ်စုဝင်များမှာလည်း အများအားဖြင့် အမျိုးအဆွေများသာဖြစ်လေရာ အစာရှာဖွေခြင်း၊ သားပေါက်လေးများ ထိန်းကျောင်းခြင်း စသည်တို့ကို အတူတကွ ဝိုင်းဝန်လုပ်ဆောင်လေ့ ရှိကြသည်။ အုပ်စုများတွင် အများအားဖြင့် အုပ်စိုးသည့် အထီးနှင့် အမ တစ်တွဲသာ မျိုးပွားခြင်းလုပ်ဆောင်ပြီး နှစ်စဉ် သားပေါက်လေ့ရှိသည်။ ခွေးမျိုးရင်းဝင်များသည် အနံ့ပေးခြင်းဖြင့်သော်လည်းကောင်း (ဆီးစွန့်၍)၊ အသံဖြင့်သော်လည်းကောင်း (အူ၍) တစ်ကောင်နှင့် တစ်ကောင်၊ တစ်အုပ်နှင့် တစ်အုပ် ဆက်သွယ်ကြသည်။

ခွေးမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့၏ “အပြန်အလှန်ကျေးဇူးပြုသော ဆက်ဆံရေး”သည် ရှေးယခင် ကျောက်ခေတ်ဟောင်း ခေတ်နှောင်းကာလမှ စတင်ခဲ့ပြီး ယနေ့အထိတိုင် တည်မြဲနေဆဲဖြစ်သောကြောင့် မတူညီသော သက်ရှိမျိုးစိတ်နှစ်ခု၏ နှစ်ပေါင်းများစွာ အပြန်အလှန်အမှီသဟဲပြုသည့်ဆက်ဆံရေးဟု ခေါ်ဆိုနိုင်သည်။

ဗီဇမျိုးရိုးဆက်နွယ်မှုများ

Caniformia
Arctoidea

(ဝက်ဝံ၊ ပင်လယ်ဖျံ)
Cynoidea
Miacis

(မျိုးသုဉ်း)
Canidae
Hesperocyoninae

(မျိုးသုဉ်း)
Borophaginae

(မျိုးသုဉ်း)
Caninae

(တစ်ခုတည်းသော ရှင်သန်
တည်ရှိဆဲ မျိုးရင်းဝင်အုပ်စု)
(ခွေးမျိုးရင်း)
(ခွေးအသွင်ရှိ
တိရစ္ဆာန်များ)

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား