ခြိုးခြံထွက်မြောက် ကျင့်စဉ်စု

ခြိုးခြံကျင့်ကြံမှု (သို့) ခြိုးခြံထွက်မြောက် ကျင့်စဉ်စု (သို့) ခြိုးခြံ ကျင့်စဉ်စု (အင်္ဂလိပ်: Asceticism) ဆိုသည်မှာ တွေ့ကြုံခံစားဖွယ် စည်းစိမ်တို့မှ ဖြတ်တောက်ခြိုးခြံက စိတ်ပိုင်းဆိုင်ရာ အနေအထားတခုခုကို ပန်းအတိုင်ထားကာ လေ့ကျင့်နေထိုင်သော ဘဝနေထိုင်မှု ပုံစံကို ညွှန်းသည်။[၃]

ဂေါတမဗုဒ္ဓသည်လည်း အလယ်အလတ်လမ်းစဉ်ကို မတွေ့မူ ပြင်းထန်လှသော ခြိုးခြံကျင့်စဉ်မျိုးကိုပင် ကျင့်ခဲ့ဖူးသည်[၁] ဟု ဗုဒ္ဓဝါဒီများစွာ ရေးမှတ်ယုံကြည်ကြ၏။ ခရစ္စယာန်ဝါဒီ အာစီစီ ဖှရန်စီ့စ် (Francis of Assisi) နှင့် သူ့နောက်လိုက်များကလည်း ပြင်းထန်သည့် ခြိုးခြံကျင့်စင်များကို ကျင့်ကြံကာ၏။[၂]

ခြိုးခြံကျင့်ကြံသူများမှာ လူ့ဘောင်မှ တွဲထွက်သည်လည်း ရှိသဲ့သို့၊ လူ့ဘောင်၌ ဆက်နေပြီး ဥစ္စာစီးပွားရေးနှင့် ဒြပ်သားစည်းစိမ်တို့မှ အထိုက်အလျောက် ခွါကျဉ်သော ရိုးစင်းခြိုးခြံသည့် နေထိုင်မှုပုံစံနှင့်၊ မိမိကိုးကွယ်ရာ ကိုးကွယ်ဘာသာရေးကို အာရုံပြု၍လည်းကောင်း စိတ်အခြေအနေတစ်ခုကို စူးစိုက်ရည်သန်၍လည်းကောင်း ဥပုသ်စောင့်ခြင်းလည်း ပြုတတ်ကြသည်။[၄] ဥပုသ်သီတင်း စောင့်သူက မိမိ၏ ကိုယ်တွင်းအသိစိတ်ကိုလည်း အဆုံးမဲ့သော လောကနှံ့ အသိစိတ်အရာနှင့် ချိတ်ဆက်ပေးနိုင်သည် ဟု ယူသော အယူအဆများလည်း ရှိတတ်သည်။[၅]အချို့လူမျာကလည်း မိမိစွဲနေသည့် အရက်ဆေးလိပ်မူးယစ်ဆေးဝါး၊ ဖျော်ဖြေရေး၊ လိင်မှုကိစ္စ၊ အစားအစာ စသည်တို့မှ လွတ်မြောက်ပြတ်တောက်ရန်ငှာ ခြိုးခြံကျင့်စဉ်စုများကို ချဉ်းကပ်ကြသည်။[၆]

ဗုဒ္ဓဘာသာဂျိန်းဘာသာဟိန္ဒူဘာသာခရစ်ယာန်ဘာသာဂျူးဘာသာအစ္စလာမ်ဘာသာ စသည်တို့နှင့် မျက်မှောက်ခေတ်ပေါ် ကျင့်စဉ်များအတွင်းလည်း ဤ ခြိုးခြံကျင့်စဉ်များ (Asceticism) အထိုက်အလျောက် ပါဝင်နေတတ်ပုံလည်း သမိုင်းတလျှောက်၌ တွေ့ရနိုင်သည်။[၆]


အကိုးအကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား