ခရမ်းသီးငါးခြောက်ချက်
- စာမျက်နှာ
- ဆွေးနွေးချက်
ကိရိယာများ
ဆောင်ရွက်ချက်များ
ယေဘုယျ
ရခိုင်ပြည်တွင် ချောင်းကမ်းဝဲယာများနှင့် ကျွန်းများပေါ်တွင် စိုက်ခင်းများစိုက်ပျိုးကြသည်။ ထိုကဲ့သို့စိုက်ခင်းများစိုက်သောကျွန်းများကို ကိုင်း ဟုခေါ်သည်။ ယင်း ကိုင်းများတွင် ငရုတ် ဖရဲ ပဲ ဖရုံ သခွား ခရမ်း အစရှိသည်များကိုနှစ်စဉ်စိုက်ပျိုးကြပြီး ထိုမှ ရသော အသီးအနှံများကို ကိုင်းသီးဟုလည်းခေါ်ကြသည်။ ထိုကိုင်းများမှရသော ခရမ်းသီးများကို ထက်ခြမ်းခြမ်းပြီး တဖန် အစိတ်ငယ်လေးများအဖြစ်ထပ်မံစိတ်သည်။ အချို့ က အခြမ်းလိုက်အတိုင်း ဓားဖြင့် အစိတ်ငယ်ပြုသယောင်လုပ်သည်။ ( ဆိုလိုသည်မှာ ဟိုဖက်ကို ပြတ်သွားအောင်စိတ်ခြင်းမျိုးမဟုတ်ဘဲ အခြမ်းကို ဓားဖြင့် နောက်ထပ် သုံးပုံနှစ်ပုံခန့် လှီးပေးခြင်းမျိုးဖြစ်သည်။) ထိုကဲ့သို့လှီးစိတ်ထားသော ကိုင်းခရမ်းသီးများဖြင့် ငါးခြောက်များကို (များသောအားဖြင့် ငါးသရွဲခြောက်၊ငါးနီတူခြောက်များ) ငရုတ်သီးစိမ်းမညက်တညက်ထောင်း၊ ငါးပိအနည်းငယ်နှင့် ရောချက်ခြင်းဖြစ်သည်။ အိုးချခါနီးတွင် နံနံပင် သို့မဟုတ် စမြိတ်ပင်များထည့်သည်။
ဗမာ |
| ||||||||||
---|---|---|---|---|---|---|---|---|---|---|---|
တရုတ် | ခေါက်ဆွဲ
| ||||||||||
ကုလားအစားအစာ | |||||||||||
ရှမ်းအစားအစာ |
| ||||||||||
ရခိုင်အစားအစာ |
| ||||||||||
မွန်အစားအစာ | |||||||||||
အချိုပွဲ |
| ||||||||||
အဖျော်ယမကာ |