ကြိုဆိုပါ၏ (ရုပ်သံဇာတ်လမ်းတွဲ)

၂၀၂၀ ခုနှစ် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ

ကြိုဆိုပါ၏ [၅][၆](အင်္ဂလိပ်: Welcome ၊ ဟန်းဂု: 어서와) သည် ၂၀၂၀ ခုနှစ် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဂင်မြောင်ဆူ၊ ရှင်းယီအန်း နှင့် ဆိုးဂျီဟွန်းတို့မှ ပါဝင်သရုပ်ဆောင်ထားသည်။ ဤဇာတ်လမ်းတွဲ၏ အခြားအမည်မှာ ညောင်၊ လျှို့ဝှက်သောကောင်လေး (အင်္ဂလိပ်: Meow, the Secret Boy) ဖြစ်သည်။ ဤဇာတ်လမ်းတွဲသည် နာဗာ ဝက်ဘ်တွန်းမှ ဂိုအာရာ၏ ဇာတ်လမ်းတွဲနှင့်နာမည်တူ ဝက်ဘ်တွန်းကို အခြေခံထားသည်။ ၎င်းကို KBS2 ရုပ်သံလိုင်းတွင် မတ် ၂၅၊ ၂၀၂၀[၇] မှစ၍ ဧပြီ ၃၀၊ ၂၀၂၀ အထိ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့  ၂၂:၀၀ (KST)[၈] အချိန်တွင် ထုတ်လွှင့်ပြသခဲ့သည်။ ဤဇာတ်လမ်းတွဲသည် ၂၀၁၈ ခုနှစ်တွင် ထွက်ရှိခဲ့သော Lovely Horribly ဇာတ်လမ်းတွဲ၏ စံချိန်ကို ချိုးခဲ့သည်။

ကြိုဆိုပါ၏
အခြားအမည်
အမျိုးအစား
  • စိတ်ကူးယဉ်
  • အချစ်ဟာသ
ဖွံ့ဖြိုးသူKBS Drama Production
ရေးသားသူဂျိုဟွာမီ
ဒါရိုက်တာဂျီဗြောင်ဟွန်း
သရုပ်ဆောင်
နိုင်ငံတောင်ကိုရီးယား
ဘာသာစကားကိုရီးယား
အပိုင်းပေါင်း၂၄[မှတ်စု ၁]
ထုတ်လုပ်မှု
Camera setupSingle-camera
ပြသချိန်၃၅ မိနစ်[မှတ်စု ၁]
ထုတ်လုပ်သည့် ကုမ္ပဏီGill Pictures
ဖြန့်ချိသူKBS
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းKBS2
ရုပ်ပုံအမျိုးအစား1080i (HDTV)
အသံထွက်အမျိုးအစားDolby Digital
မူလပြသမှုမတ် ၂၅၊ ၂၀၂၀ (၂၀၂၀-၀၃-၂၅) – ဧပြီ ၃၀၊ ၂၀၂၀ (၂၀၂၀-၀၄-၃၀)
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

ဇာတ်လမ်းအကျဉ်း

ဆိုအာသည် အသက် ၂၅ နှစ်အရွယ် ဂရက်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး၊ ဝက်ဘ်တွန်းရေးဆွဲသူတစ်ဦးဖြစ်ချင်သည့် အိပ်မက်ရှိသူဖြစ်သည်။ သူမ၌ ကြောင်များနှင့်ပတ်သက်၍ ချစ်-မုန်း ခံစားချက်ရှိသူဖြစ်သည်။

သို့သော် ဆိုအာ၏ ဘဝသည် အိမ်သို့ခေါ်လာသော ကြောင်လေးတစ်ကောင်ကြောင့် ပြောင်းလဲသွားလာခဲ့သည်။ ကြောင်လေး၏ နာမည်မှာ ဟုန်းဂျိုဖြစ်ပြီး ၎င်းသည် လူပုံစံပြောင်းနိုင်သည်။ ဟုန်းဂျိုသည် ဆိုအာအပေါ်နှစ်သက်သဘောကျလာခဲ့သည်။ ထို့ကြောင့် သူသည် မိမိလူဖြစ်ကြောင်း ဆိုအာမသိနိုင်စေရန် အမျိုးမျိုးကြိုးပမ်းကာ ဖုံးကွယ်ထားခဲ့သည်။ ဟုန်းဂျိုသည် ဆိုအာ၏ အနားတွင်သာ နေနိုင်ရန်အတွက် သူမလိုအပ်သည့် အရာအားလုံးကို လုပ်ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဟုန်းဂျိုသည် သူ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မည်လား။[၉]

သရုပ်ဆောင်

ဇာတ်ဆောင်

  • ဟုန်းဂျို အဖြစ် ဂင်မြောင်ဆူ[၁၀][၁၁]
  • ဟုန်းဂျို (ကြောင်အသွင်) အဖြစ် ဘယ်ဂီ
  • ဂင်ဆိုအာ အဖြစ် ရှင်းယီအန်း[၁၂][၁၃]
  • လီဂျယ်ဆန်း အဖြစ် ဆိုးဂျီဟွန်း[၁၄][၁၅]
  • အန်းဂျီအန်း အဖြစ် ယွန်းယီဂျို
  • ဂိုဒူရှစ် အဖြစ် ဂန်ဟွန်း

ဇာတ်ရံ

  • ဂန်ဆိုဖြောင်း အဖြစ် အန်းနေးဆန်း
  • ဘန်ရှီလ် အဖြစ် ဂျိုရွမ်း
  • ဆန်းဟွန်းဂျာ အဖြစ် ဂင်ယိုဂျင်
  • ဂိုမင်ဂျုံး အဖြစ် ဂျွန်ဘေးဆိုး
  • ပတ်စင်ဂျာ အဖြစ် ဂျွန်ယီဆိုး
  • ချာဆန်းကွန်း အဖြစ် ယန်းဒယ်ဟွတ်
  • လီဟေးယွန်း အဖြစ် ဂင်ယီဆိုးလ်
  • ချွိုင်ဒါဆန်း အဖြစ် လီယူဂျင်း
  • အဘွား အဖြစ် ချွိုင်မင်ဂန်
  • လီရူဘီ အဖြစ် ချွိုင်ဘယ်ယောင်း
  • ဘန်ဂုဘုံး အဖြစ် ယွန်းဂျီဟွန်း
  • ဒါဆန်း အဖြစ် ဆောင်းမင်ဂျယ်
  • နာဂျင်ဝန်း အဖြစ် ဂျိုဟွတ်ဂျွန်း

ထုတ်လုပ်ရေး

ဇာတ်လမ်းတွဲကို အစောပိုင်း၌ ပေါင်မုန့်ဖုတ်တဲ့ကောင်လေး (အင်္ဂလိပ်: Man Who Bakes Bread ၊ ဟန်းဂု: 식빵 굽는 남자) ဟု အမည်ပေးထားသည်။ မူလတွင် ၂၀၁၉ နှစ်ဝက်၌ tvN ရုပ်သံလိုင်းတွင် ထုတ်လွှင့်ရန် စီစဉ်ထားခဲ့ပြီး ယွတ်ဆန်းဂျယ်နှင့် ပတ်အန်းဘင်[မှတ်စု ၂]တို့ကို ဇာတ်ဆောင်များအဖြစ် ကမ်းလှမ်းခဲ့သည်။ သို့သော် နှစ်ဦးစလုံးမှ ငြင်းပယ်ခဲ့သည်။[၁၆]

ဇာတ်လမ်းတွဲ၏ ပထမဆုံးဇာတ်ညွှန်းဖတ်ပွဲကို အောက်တိုဘာ ၂၀၁၉ တွင် ယိုအီဒို၊ တောင်ကိုရီးယားရှိ KBS Broadcasting Station တွင် ပြုလုပ်ခဲ့သည်။[၁၇]

Ratings

ဇယားထဲတွင် အပြာဖြင့်ဖော်ပြထားသောနံပါတ်များသည် အနိမ့်ဆုံးအဆင့်များဖြစ်ပြီး အနီဖြင့်ဖော်ပြထားသောနံပါတ်များသည် အမြင့်ဆုံးအဆင့်များဖြစ်သည်။

အပိုင်းမူလထုတ်လွှင့်သည့်နေ့ကြည့်ရှုသူမျှဝေမှုခန့်မှန်းခြေ
AGB Nielsen[၁၈]
နိုင်ငံတစ်ဝန်း
မတ် ၂၅၊ ၂၀၂၀၃.၆%
၂.၈%
မတ် ၂၆၊ ၂၀၂၀၁.၆%
၁.၈%
ဧပြီ ၁၊ ၂၀၂၀၂.၇%
၂.၁%
ဧပြီ ၂၊ ၂၀၂၀၁.၅%
၁.၇%
ဧပြီ ၈၊ ၂၀၂၀၂.၀%
၁၀၁.၉%
၁၁ဧပြီ ၉၊ ၂၀၂၀၁.၅%
၁၂၁.၆%
၁၃ဧပြီ ၁၅ ၊ ၂၀၂၀၁.၈%
၁၄၁.၈%
၁၅ဧပြီ ၁၆၊ ၂၀၂၀၀.၉%
၁၆၁.၁%
၁၇ဧပြီ ၂၂၊ ၂၀၂၀၁.၈%
၁၈၁.၇%
၁၉ဧပြီ ၂၃၊ ၂၀၂၀၁.၀%
၂၀၁.၁%
၂၁ဧပြီ ၂၉၊ ၂၀၂၀၁.၄%
၂၂၁.၄%
၂၃ဧပြီ ၃၀၊ ၂၀၂၀၀.၈%
၂၄၁.၀%
ခန့်မှန်းခြေ၁.၇%

မှတ်စုများ

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား