ကြက်တူရွေး

ကြက်တူရွေးမျိုးနွယ်
ကြက်တူရွေးများ (Parrots)
Temporal range: EoceneHolocene 50–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Clockwise top to bottom: the Kakapo and the Kea, both found in နယူးဇီလန်, the Lesser vasa parrot endemic to မဒါဂတ်စကား, the Palm cockatoo, the တောင်အမေရိကn blue-and-yellow macaw, and the ဩစတြေးလျn ringneck.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Aves
Clade:Psittacopasserae
မျိုးစဉ်:Psittaciformes
Wagler, 1830
မျိုးရင်းကြီးများ
Range of parrots, all species (red)

ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။

ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်း၊ စပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။

'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။[၁]

မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၉ မျိုး ခွဲပြသည်။ ယင်းတို့မှာ

  1. ကြက်တော
  2. ကျေးကျုတ်
  3. ကျေးတမာ
  4. ကျေးကုလား
  5. ကျေးကုလားမ
  6. ကျေးသန္တာ
  7. ကျေးမြီးပြာ (ခ) ကျေးသန္တာခေါင်းပြာ၊
  8. မလေးကြက်တူရွေး (ခ)ကျေးသန္တာထိပ်ကွက်နှင့်
  9. အမြှီးရှည်ကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။

ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ

  1. ဖေါင်းကား၊
  2. တမာ၊
  3. ကျေးသန္တာ၊
  4. ကျေးဝါ၊
  5. ကျေးကျုတ်၊
  6. ကြက်တော၊
  7. ကုလား၊
  8. ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။ [၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား