ကျောရိုးရှိသတ္တဝါ

ကျောရိုးရှိသတ္တဝါ
Temporal range:
Cambrian Stage 3လက်ရှိ,
518–0 Ma[၁]
PreЄ
Є
O
S
D
C
P
T
K
Pg
N
ကျောရိုးရှိသတ္တဝါ ဥပမာအချို့: စတားဂျင်ငါး (Actinopterygii)၊ ဆင် (ခြေလေးချောင်း သတ္တဝါ)၊ ကျားငါးမန်း (Chondrichthyes) နှင့် လမ္ပရီငါး (Agnatha).
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
Superphylum:Deuterostomia
မျိုးပေါင်းစု:Chordata
Clade:Olfactores
မျိုးပေါင်းစုသေး:Vertebrata
J-B. Lamarck, 1801[၂]
မျိုးပေါင်းစုငယ်
Synonyms

Ossea Batsch, 1788[၂]

(အင်္ဂလိပ်: Alligator, lit. 'အဲလစ်ဂိတ္တာ မိကျောင်း')

ကျောရိုးရှိသတ္တဝါ ဆိုသည်မှာ အရိုးနု သို့မဟုတ် အရိုးတို့ ဖြင့် ဝန်းရံထားသည့် ကျောရိုး အာရုံကြော ပါရှိသော တိရစ္ဆာန် ဖြစ်သည်။ အဆိုပါစကားလုံးသည် ကျောရိုးတစ်ခုအဖြစ် တွဲဆက်ပေးထားသော အရိုးများဖြစ်သည့် ကျောရိုးဆစ် ဟူသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျောရိုးမပါရှိသော သတ္တဝါများကိုလည်း ကျောရိုးမဲ့သတ္တဝါများ ဟုပင်ခေါ်ဆိုသည်။ ကျောရိုးရှိသတ္တဝါများတွင် ငှက်များငါးများကုန်းနေရေနေသတ္တဝါများတွားသွားသတ္တဝါများ နှင့် နို့တိုက်သတ္တဝါများ ပါဝင်သည်။ ကျောရိုးရှိသတ္တဝါ၏ အရိုးစု အစိတ်အပိုင်းများမှာ -

  1. ဦးနှောက်ခွံ။ ဦးနှောက်ခွံ (သို့) ဦးခေါင်းခွံအရိုးသည် ဦး နှောက်ကို ကာကွယ်ပေးထားသည်။
  2. ကျောရိုးဆစ်။ တွဲဆက်ထားသော အရိုးတိုလေးများဖြစ်သည့် တောင့်တင်းသော ကျောရိုးဆစ်များကို အဆက်များဖြင့် ခွဲခြားထားသည်။ ၎င်းကျောရိုးသည် အထဲ၌ရှိသော ကျောရိုး အာရုံကြောမကြီးအား ကာကွယ်ပေးသည်။ ကျောရိုးဆစ်များ အကြားရှိ အရိုးဆက်များကြောင့် ကျောရိုးအား ကွေးနိုင်ခြင်းဖြစ်သည်။
  3. အရိုးများ။ ခန္ဓာကိုယ်၏ ပျော့ပျောင်းသော တစ်သျှူးများကို ထောက်ပံ့ကာကွယ်ပေးပြီး ကြွက်သားတွယ်ဆက်မှုအတွက် အမှတ်နေရာများ ပေးသည်။
  4. ပါးဟပ် (သို့) အရိုးကွေး။ ငါးများ၏ pharynx ၌ ပါးဟပ် အရိုးကွေး နှင့် အချို့ ကုန်းနေရေနေ သတ္တဝါများတွင် ပါးဟပ် ကို ထောက်ပံ့သည်။ ကျောရိုးရှိသတ္တဝါအများစုတွင် ပါးဟပ်အရိုးကွေးသည် မေးရိုး ကဲ့သို့ အခြားကိုယ်အင်္ဂါများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျောရိုးရှိသတ္တဝါ နမူနာများမှာ နို့တိုက်သတ္တဝါများငှက်များ နှင့် ငါးများ ဖြစ်သည်။ မျိုးစိတ်ပေါင်း သောင်းဂဏန်း အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ကျောရိုးရှိသတ္တဝါမျိုးစိတ် အနည်းဆုံးလေးမျိုးကို ဖော်ပြရန် "ငါး" ဟူသော စကားလုံးကို အသုံးပြုရသည်။

ထူးခြားချက်များ

ကျောရိုးရှိသတ္တဝါများသည် ပတ်ဝန်းကျင် အားလုံးနီးပါး၌ လွှမ်းမိုးသည်။ ၎င်းတို့သည် အဓိက ဂေဟစနစ် တစ်ခုစီတွင် အကြီးဆုံးသော တိရစ္ဆာန်များအနေဖြင့် ပါဝင်ကြသော်လည်း၊ အကြီးဆုံး သက်ရှိများ မဟုတ်ပေ(သက်ရှိအဖြစ် စဉ်းစားရာတွင် သစ်ပင်များကိုပါ ထည့်သွင်း သုံးသပ်သောကြောင့်ဖြစ်သည်)။ ၎င်းတို့သည် လိုက်လျောညီထွေနိုင်သည့် ခုခံအားစနစ် ရှိသည့် တစ်ခုတည်းသော တိရစ္ဆာန်များဖြစ်သည်။ [၃] ဤအချက်နှစ်ချက်သည် ဆက်စပ်နိုင်သည်။

ဇီဝမျိုးခွဲခြင်းနှင့် အမျိုးအစား

  • Subphylum Vertebrata
    • Agnatha (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါ)
      • Myxini
      • Hyperoartia (မီးအိမ်ငါး)
    • Conodonta
    • † Pteraspidomorphi
      • Thelodonti
      • Anaspida
      • Galeaspida
      • Pituriaspida
      • Osteostraci
    • Gnathostomata (မေးရိုးပါ ကျောရိုးရှိသတ္တဝါများ)
      • Placodermi (Paleozoic ကာလမှ အကြေးခွံအထပ်ပါ သတ္တဝါများ)
      • Chondrichthyes (အရိုးနုငါးများ)
      • Acanthodii (Paleozoic ကာလမှ ကျောရိုးရှိ ငါးမန်းများ)
      • Osteichthyes (အရိုးကြီးငါး)
        • Actinopterygii (ငါးလိပ်ကျောက် မြှီးရှည်)
        • Sarcopterygii (အမြှေးပါးငါး)
        • Coelacanthimorpha (coelacanths)
        • Dipnoi (အဆုတ်ငါး)
    • Tetrapoda (ခြေလေးချောင်း သတ္တဝါများ)
      • Amphibia (ကုန်းနေရေနေသတ္တဝါများ)
      • Amniota (ရေမြွှာဥများ)
        • Sauropsida (တွားသွားသတ္တဝါများနှင့် ငှက်များ)
          • Lepidosauria (အိမ်မြှောင်များ၊ မြွေများနှင့် tuatara)
          • Testudines (လိပ်များ)
          • Archosauria (Archosaurs)
            • Crocodilia (မိကျောင်းမျိုးနွယ်များ)
            • Pterosauria (pterosaurs)၊
            • Dinosauria (ဒိုင်နိုဆောများ)
              • Aves (ငှက်များ)
        • Synapsida (နို့တိုက်သတ္တဝါကဲ့သို့ ခြေလေးချောင်းသတ္တဝါများ)
          • Mammalia (နို့တိုက်သတ္တဝါများ)

ဆက်စပ်စာမျက်နှာများ

ကိုးကား

အခြားဝက်ဘ်ဆိုက်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား