ကိန်းသီအိုရီ

ကိန်းသီအိုရီကို ရှေးခေတ်က ဂဏန်းသင်္ချာဟုခေါ်သည်။ သို့သော် ယခုခေတ်အခါတွင် ကိန်းသီအိုရီဆိုသည်မှာ ကိန်းဂဏန်းများကို သာမန် အပေါင်း၊ အနုတ်၊ အမြောက်၊ အစားလုပ်သည်ထက် များစွာနက်ရှိုင်းကျယ်ပြန့်လာသည်။ ထို့ကြောင့် ကိန်းသီအိုရီကို အဆင့်မြင့် ဂဏန်းသင်္ချာဟုလည်း ခေါ်ကြသည်။ အကျဉ်းအားဖြင့် ဆိုရသော် ကိန်းသီအိုရီဆိုသည်မှာ ကိန်းပြည့်များ (integers) ကို အဓိကထား၍ လေ့လာသည့် သင်္ချာသန့်သန့် (pure mathematics) ဘာသာရပ်ခွဲတစ်ခု ဖြစ်သည်။ ကိန်းသီအိုရီ ပညာရှင်များသည် ကိန်းပြည့်များထဲတွင် သုဒ္ဓကိန်းများကိုလည်းကောင်း၊ ကိန်းပြည့်များနှင့် ၎င်းတို့၏ဂုဏ်သတ္တိများကို အသုံးပြုတည်ဆောက်ထားသည့် သင်္ချာဆိုင်ရာ အရာဝတ္ထုများ (ဥပမာ၊ ရာရှင်နယ်ကိန်းများ) ကိုလည်းကောင်း၊ ကိန်းပြည့်များ၏ ဂုဏ်သတ္တိများကို ခြုံငုံ၍ ယေဘုယျပြုထားသည့် ကိန်းများ (ဥပမာ၊ ကိန်းရင်းများ) ကိုလည်းကောင်း၊ အဆိုပါ ကိန်းပြည့်များနှင့် ဆက်စပ်၍ စားကိန်းဖန်ရှင် (divisor function)၊ ရီးမန် ဇေတာဖန်ရှင် (Riemann zeta function)၊ အွိုင်လာ၏ တိုးရှန့်ဖန်ရှင် (totient function) အစရှိသည့် ဖန်ရှင်များကိုလည်းကောင်း၊ နက်နက်ရှိုင်းရှိုင်း လေ့လာလေ့ရှိသည်။[၁] ကိန်းသီအိုရီကို သင်္ချာပညာတွင် အခြေခံကျကျ နက်ရှိုင်းသော ဘာသာရပ်ခွဲတစ်ခုအဖြစ် သင်္ချာသမားအများစုက ရှုမြင်လေ့ရှိသည်။ "သင်္ချာမင်းသားကြီး"[၂] ဟု အမွှန်းတင်ခံရလေ့ရှိသည့် ဂျာမန်သင်္ချာပညာရှင် ဂေါက်က "သင်္ချာသည် သိပ္ပံပညာရပ်များ၏ ဘုရင်မ"[၃] ဖြစ်ပြီး၊ "ကိန်းသီအိုရီသည် သင်္ချာပညာရပ်များ၏ ဘုရင်မ"[၃] ဖြစ်သည်ဟု တင်စားပြောဆိုခဲ့သည်။[၁]

အညွှန်း

ကိုးကား

  • Beiler၊ Albert H. (1964)၊ Recreations in the Theory of Numbers (Dover Recreational Math) (2nd ed.)၊ Mineola, NY: Dover Publications၊ ISBN 978-0486210964
  • Shuey၊ Linda Y. (2007)၊ "The Prince of Mathematics: Carl Friedrich Gauss"Convergence (July 2007 ed.)၊ MAA၊ 25 April 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီးFebruary 26, 2017 တွင် ပြန်စစ်ပြီး
  • Weisstein၊ Eric W.၊ "Number Theory"MathWorld--A Wolfram Web ResourceFebruary 26, 2017 တွင် ပြန်စစ်ပြီး


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား