ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့

အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (သို့) ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့ဟု သတ်မှတ်ထားသည်။ ထိုနေ့သည် အိတ်ချ်အိုင်ဗွီ ရောဂါပိုးမွှားကြောင့် ဖြစ်ပွားသည့် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို သတိရှိစေရန် ရည်ရွယ်ချက်ဖြင့် သတ်မှတ်ထားသည့် နေ့ရက်ဖြစ်သည်။ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့မှာ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ ဖြစ်သည်။ ဤနေ့ကျရောက်တိုင်း ကမ္ဘာတဝန်းတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူများကို ရည်စူး၍ လွမ်းဆွတ်အောင့်မေ့ပွဲများ ကျင်းပလေ့ရှိသည်။ အစိုးရများနှင့် ကျန်းမာရေး အရာရှိများသည် ဤနေ့တွင် အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ မိန့်ခွန်းများ ပြောကြားခြင်း ဆွေးနွေးပွဲများ ကျင်းပခြင်း ရှိသည်။

ဆောင်ပုဒ်

Getting to Zero လုံးဝ ပပျောက်ရေး ဖြစ်သည်။ ရောဂါကူးစက်ခံရသူ လုံးဝပပျောက်ရေးနှင့် ရောဂါကြောင့် သေဆုံးရသူ လုံးဝပပျောက်ရေးတို့ဖြစ်သည်။

သမိုင်း

၁၉၈၇ခုနှစ် ဩဂုတ်လအတွင်းတွင် ဂျနီဗာမြို့၊ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization)မှ ပြည်သူ့ပြန်ကြားရေးဝန်ထမ်းနှစ်ဦးဖြစ်သော ဂျိမ်းစ်ဘန်း (James Bunn) နှင့် သောမတ်စ်နက်တာ (Thomas Netter) တို့သည် အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုကူးစက်ရောဂါအတွက် အထိမ်းအမှတ်နေ့သတ်မှတ်ရန် စိတ်ကူးမိကြသည်။ ထို့နောက် ထိုနှစ်ဦးမှ ကုလသမဂ္ဂ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့(UNAIDS) ညွှန်ကြားရေးမှူး ဒေါက်တာဂျော်နသန်မန်း (Dr. Jonathan Mann) သို့ တင်ပြလိုက်သည်။ ဒေါက်တာမန်းမှလည်း သဘောကျ၍ အတည်ပြုပေးလိုက်သောကြောင့် ပထမဆုံးကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် စတင်ကျင်းပလိုက်သည်။

အနီရောင် ဖဲကြိုးသည် အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ခံရသူများ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသည့် ကမ္ဘာတဝန်းလုံးတွင် အသုံးပြုသည့် သင်္ကေတဖြစ်သည်။

အနီရောင်ဖဲကြိုး

၁၉၉၁နှစ်တွင် အနီရောင်ဖဲကြိုးကို အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုကူးစက်ရောဂါ အသိနိုးကြားစေသော အပြည်ပြည်ဆိုင်ရာသင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။ ဤအနီရောင်ဖဲကြိုးလေးသည် ရောဂါသည်များကို ခွဲခြားဆက်ဆံခြင်းနှင့် ရှောင်ဖယ်ခြင်း ကင်းစေရန်အတွက်၊ ဤရောဂါဖြင့် သေဆုံးသွားသောလူများအတွက် အမှတ်တရရှိရန်အတွက်၊ ဤရောဂါကို အားလုံးစုပေါင်းတိုက်ဖျက်ရန်အတွက်၊ ရောဂါသည်များအပေါ်တွင် ဂရုတစိုက်ရှိမှုနှင့် စိုးရိမ်ပူပန်မှုများရှိကြောင်းကို ပြရန်အတွက်၊ ရောဂါသည်များကို တစိုက်မတ်မတ် အားပေးကူညီရန်အတွက်၊ ရောဂါသည်များအားလုံး စည်းလုံးညီညွတ်စေရန်အတွက် အစရှိသည့် လေးနက်သော အဓိပ္ပာယ်များဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့တွင် အမှတ်တရတပ်ဆင်ကြသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား