ကမာရွတ်မြို့နယ်

ကမာရွတ်မြို့နယ် သည် ရန်ကုန်မြို့လယ်၏ မြောက်အလယ်ပိုင်းတွင် တည်ရှိသည်။ ကၟာရတ် - ဟူသော မွန်ဝေါဟာရက ဆင်းသက်သည်။ မွန်ဘာသာအရ ကၟာ - ရေလှောင်ကန်၊ ရတ် - ရတနာ၊ ရတနာကန်ဟု အဓိပ္ပာယ်ရသည်။ အင်းလျားကန်ကို ဆိုလိုသည်။ အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်-ဟု ခေါ်ဆိုခြင်း ဖြစ်သည်။[၁]

ကမာရွတ်မြို့နယ်
Skyline of ကမာရွတ်မြို့နယ်
ကမာရွတ်ခရိုင်အတွင်း တည်နေရာ (အနီ)
ကမာရွတ်ခရိုင်အတွင်း တည်နေရာ (အနီ)
ရန်ကုန်မြို့အတွင်း တည်​နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ကမာရွတ်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကမာရွတ်မြို့နယ်
ကမာရွတ်မြို့နယ်
ကမာရွတ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°49′15″N 96°8′0″E / 16.82083°N 96.13333°E / 16.82083; 96.13333 96°8′0″E / 16.82083°N 96.13333°E / 16.82083; 96.13333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
မြို့ရန်ကုန်မြို့
ခရိုင်ကမာရွတ်
စာပို့သင်္ကေတ၁၁၀၄၁၊ ၁၁၀၄၄

ကမာရွတ်သည် ရှေးမွန်ဘုရင်များလက်ထက်ကပင် ဒဂုန်မြို့ လက်အောက်ခံ ကျေးရွာကြီး တရွာ ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် ကျေးရွာအဖြစ် ဆက်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၈ ဇူလိုင် ၁၈၂၄ တွင် ကမာရွတ်ခံတပ်တိုက်ပွဲ ဖြစ်ပွားပြီး၊ သုံးပါးဝန်ကြီး ဦးရန်အောင်နှင့် ဝန်ထောက် ဦးရွှေမင်းတို့ ကျဆုံးသည်။[၂]

ကမာရွတ်မြို့နယ်၏ မြောက်ဘက်တွင် လှိုင်မြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ အရှေ့ဘက်တွင် အင်းယားကန်ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်၊ တောက်ဘက်တွင် စမ်းချောင်းမြို့နယ်တို့ တည်ရှိသည်။ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ပြည်လမ်းသည် ဤမြို့နယ်ကို ဖြတ်သန်းသွားသည်။ ရန်ကုန်တက္ကသိုလ်ဆေးတက္ကသိုလ်(၁) ရန်ကုန်ရန်ကုန် စီးပွားရေး တက္ကသိုလ်ရန်ကုန်ပညာရေးတက္ကသိုလ်အဝေးသင်တက္ကသိုလ်(ရန်ကုန်)၊ တီတီစီလေ့ကျင့်ရေးကျောင်း၊ သတင်းပြန်ကြားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ ဆင်မလိုက်ဈေး၊ ဂျန်ရှင်းစကွဲစင်တာ၊ လှည်းတန်းစင်တာ၊ စိန်ဂေဟာ(လှည်းတန်း)တည်ရှိသည်။

ထင်ရှားသော အဆောက်အဦးများ

ကမာရွတ်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
ဂျပ်ဆင်ဘုရားကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းရန်ကုန်တက္ကသိုလ် နယ်မြေ
တက္ကသိုလ်များ ဓမ္မရုံတက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်တက္ကသိုလ် ဆေးရုံဆေးရုံတက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာဆောင်တက္ကသိုလ်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် အင်းဝဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတက္ကသိုလ်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ဒဂုံဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် အင်းယားဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် နဝဒေးဆောင်ကျောင်းသားအဆောင်သထုံလမ်းသွယ်
ရန်ကုန်တက္ကသိုလ် ပင်းယဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ပြည်ဆောင်ကျောင်းသားအဆောင်ပြည်လမ်း
ရန်ကုန်တက္ကသိုလ် သိပ္ပံဆောင်တက္ကသိုလ်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် ရွှေဘိုဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် တကောင်းဆောင်ကျောင်းသားအဆောင်ပြည်လမ်း
ရန်ကုန်တက္ကသိုလ် သထုံဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ
ရန်ကုန်တက္ကသိုလ် သီရိဆောင်ကျောင်းသားအဆောင်ရန်ကုန်တက္ကသိုလ် နယ်မြေ

ပုဂံဆောင် ။ အမရာဆောင်။ မဟော်သဓာဆောင်။ သံဗျင်ဆောင်။ အဓိပတိဆောင်

အထင်ကရပုဂ္ဂိုလ်

  1. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင် (ရှမ်းစုရပ်)
  2. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောနောင် (ရှမ်းစုရပ်)
  3. ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုးညို
  4. စာရေးဆရာ သန်းဆွေ
  5. ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သိန်းမောင်[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား