မဉ္ဇူပန်းပင်

Mirabilis jalapa
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
Clade:Eudicots
မျိုးစဉ်:Caryophyllales
မျိုးရင်း:Nyctaginaceae
မျိုးဇာတ်:Nyctagineae
မျိုးစု:Mirabilis
မျိုးစိတ်:
M. jalapa
ဒွိနာမ
Mirabilis jalapa

မဉ္စူပန်းသည် ကိုအောက်ပါအတိုင်း သိရှိရသည်။ မဉ္စူပန်းပင်သည်

ပုံသဏ္ဌာန်

အပင်

ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ ထောင်မတ်၍ ပေါက်ပြီး အမြင့် ၃ ပေထိ ရှိသည်။ ပင်စည် ချောမွတ် ပြီး အကိုင်း ဖြာသည်။ ပင်စည်လုံး အစိမ်းရောင် ရှိသော်လည်း အဆစ်များတွင် အနီရောင် ရှိသည်။ အမြစ်များ ၌ ဥ ရှိ၏။

အရွက်

ရွက်ဆိုင် ထွက်သည်။ နှလုံးပုံ ရှိ၍ ရွက်ရင်း အဝိုက် ရှိသည်။ အဖျားပိုင်း ချွန်သွယ် သွားသည်။ ရွက်ညှာ ရှည်သည်။ ရွက်ကြော ထင်ရှားသည်။ ရွက်ပြား ချော၍ ရွက်နားညီ သည်။

အပွင့်

ခရမ်း ၊ အနီ ၊ အဝါ ၊ အဖြူရောင် စပ်များ ရှိ၏။ မိုးရာသီ ၌ ပွင့်၏။ အနံ့သင်း ၏။ ပွင့်ဖတ် ပြွန်ရှည်သည်။

အသီး

သေးငယ်၍ အမြှောင်းများ ရှိသည်။ အထဲတွင် အစေ့ တစ်စေ့ ပါသည်။ အစေ့ ငရုတ်ကောင်း နှင့် တူ၏။ နုစဉ်တွင် စိမ်း၍ ရင့်သော အခါ မည်းနက် သွား၏။

တွေ့နိုင်သောနေရာများ

မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်။

ပေါက်ရောက်ပုံ

သဘာဝ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ

အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ မဉ္ဇူပန်း ပင်၏ အရွက်သည် ခါး၏ ၊ အဖုအနာ ကို ပျောက်ကင်း စေ၏ ၊ ကာမကို အားပေး၏ ၊ အပူကို နည်းပါး စေသည်။

အသုံးပြုပုံ

  • ဥကို ပန်းသေ ၊ ပန်းညှိုးရောဂါ အတွက် ဆေးဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံးပြု ၏။
  • မဉ္ဇူပန်းဥ ၊ ချင်းခြောက် ၊ ငရုတ်ကောင်း ၊ ပိတ်ချင်း သီး တို့ကို အမှုန့် ပြု၍ ပျားရည်နှင့် လျက်သော် ညောင်းကျ ရောဂါ ပျောက်၏။

အရွက်

  • မဉ္ဇူ ရွက်စိမ်း ကြိတ်ရည် ညှစ်ရည်နှင့် လိမ်းပေးသော် အရေ ပြား ပေါ် တွင် ယားဖု ကလေးများ ပေါက်၍ မနေနိုင် အောင် ယားယံခြင်း ပျောက်၏။
  • အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း ၊ အကြောထုံး ဖွဲ့ခြင်း များအတွက် အရွက်ကို ရေအေးနှင့် ကြိတ်၍ အုံပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။

ပဉ္စငါးပါး

  • အပင် ၏ ပဉ္စငါးပါးကို သကြားနှင့် သုံးခွက် တစ်ခွက် တင် ကျို သောက်လျှင် ဆီးပူ ၊ ဆီးကိုက် ၊ ဆီးကျင် ၊ ဆီးပိတ် ၊ ဆီးကျောက် တည်သော ရောဂါ ပျောက်၏။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား