ဂူလိုင်
- စာမျက်နှာ
- ဆွေးနွေးချက်
ကိရိယာများ
ဆောင်ရွက်ချက်များ
ယေဘုယျ
အခြား ပရောဂျက်များတွင်
![]() ကြက်သားဂူလိုင်ဟင်းလျာပွဲ | |
အဓိကသုံးဆောင်မှု | အဓိကဟင်းလျာ |
---|---|
မူရင်းနိုင်ငံ | အင်ဒိုနီးရှားနိုင်ငံ[၁][၂][၃][၄][၅] |
ဒေသ | ဆူမတြာကျွန်း[၅] |
ဆက်နွယ်သောအမျိုးသားအစားအစာ | အင်ဒိုနီးရှား၊[၁] မလေးရှား၊ [၆][၇] စင်ကာပူ၊ ဘရူနိုင်းနှင့် ထိုင်းနိုင်ငံတောင်ပိုင်း |
သုံးဆောင် အပူချိန် | အပူနှင့် အခန်းတွင်းအပူချိန် |
![]() ![]() |
ဂူလိုင်သည် အင်ဒိုနီးရှားနိုင်ငံ[၄]၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၌ အများအားဖြင့် တွေ့ရသော အမွှေးနံကဲပြီး စပ်သော မဆာလာဟင်း(curry)ကဲ့သို့ ဟင်းရည်များစွာ ပါဝင်သည့် ဟင်းတစ်မျိုးဖြစ်သည်။ ဟင်း၏ အဓိကအမယ်များတွင် များသောအားဖြင့် ကြက်သား၊ ဆိတ်သား၊ အမဲသား၊ သိုးသား၊ ဝမ်းတွင်းသားအမျိုးမျိုး၊ ငါးနှင့် ပင်လယ်စာများ၊ ၎င်းတို့အပြင် ပီလောပီနံရွက်၊ ပိန္နဲသီးနုနှင့် ငှက်ပျောအူကဲ့သို့ အသီးအရွက်များ ပါဝင်ကြသည်။
ဂူလိုင်ကို အင်ဒိုနီးရှားမဆာလာဟင်း[၈][၂][၉][၁၀]ဟု ဖော်ပြကြသော်လည်း မလေးရှားနှင့် စင်ကာပူတို့မှလည်း ၎င်းတို့၏ ဒေသအစားအစာများအဖြစ် မှတ်ယူထားကြသည်။ ဂူလိုင်သည် နိုင်ငံတွင်း၌ မဆလာဟင်းများကို ရည်ညွှန်းသော ယေဘုယျအမည်ဖြစ်သော်လည်း[၁] အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူ အစားအစာတို့တွင်လည်း kari (curry) ဟု ခေါ်ဆိုကြသည်။